တရုတ် ပုဂ္ဂလိကပိုင် စီးပွားရေးသည် ဇောက်ချ၍ လုပ်ကိုင်နိုင်စရာ အများကြီးရှိသည်မှာ မုချမလွဲဖြစ်သည်ဟု ဝန်ကြီးချုပ် လီချန်ဆို

(GMT+08:00)2023-03-13 16:28:39  

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်က တရုတ် ပုဂ္ဂလိကပိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ယခုလ ၁၃ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် တရုတ် ပုဂ္ဂလိကပိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာ ပိုမိုကောင်းမွန်လာပြီး တရုတ် ပုဂ္ဂလိကပိုင် စီးပွားရေးသည် ဇောက်ချ၍ လုပ်ကိုင်နိုင်စရာ အများကြီးရှိသည်မှာ မုချမလွဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လီချန်က မိမိတို့သည် ပိုင်ဆိုင်မှု စနစ် မျိုးစုံ ဖြစ်သော လုပ်ငန်းကုမ္ပဏီများကို တန်းတူညီမျှစွာ သဘောထားပြီး ဥပဒေနှင့် အညီ လုပ်ငန်းကုမ္ပဏီများ၏ ပိုင်ဆိုင်ခွင့်နှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ကာ စီးပွားရေး လုပ်ငန်းဆောင်ရွက်သူများ အကြား တရားမျှတစွာ ယှဉ်ပြိုင်မှုကို တိုးမြှင့်၍ ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုးကြီးထွားရန် အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။