အင်အားတောင့်တင်းသော နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရှင်သန် နိုးထရေးတာဝန်ကို မိမိတို့မျိုးဆက် လက်ဆင့်ကမ်းထမ်းဆောင်ရသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-03-13 16:21:58  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၁၃ရက်နေ့ ဘေကျင်းမြို့တွင် ကျင်းပပြီးစီးပါသည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က အင်အားတောင့်တင်းသော နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား ပြန်လည်ရှင်သန်နိုးထရေးတာဝန်ကို မိမိတို့မျိုးဆက် လက်ဆင့်ကမ်းထမ်းဆောင်ရ ကြောင်း အစည်းအဝေးပိတ်ပွဲအခမ်းအနားတွင် အလေးထားပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် က တရုတ်အမျိုးသားအနေဖြင့် သမိုင်းတွင် မရေမတွက်နိုင်သော အောင်မြင်မှုများကို ဖန်တီးခဲ့သကဲ့သို့ အခက်အခဲများစွာကိုလည်း ကြုံတွေ့ခဲ့ရ ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင်ပြီးနောက် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးများကို စည်းလုံးညီညွှတ်အောင် ဦးဆောင်နိုင်ခဲ့ကြောင်း၊ နှစ် ၁၀၀ ကျော် ကြိုးပမ်းဆောင်ရွက်ပြီး တရုတ် ပြည်သူများသည် ကိုယ့်ကံကြမ္မာ၏ အရှင်သခင်ဖြစ်လာကြကြောင်း၊ တရုတ် အမျိုးသားသည် ခိုင်မာပြီး ချမ်းသာကြွယ်ဝကာ အင်အားတောင့်တင်းလာသော ကြီးမားသည့် တိုးတက်မှုများ ရရှိပြီး တရုတ်အမျိုးသားမွန်မြတ်စွာပြန်လည်ရှင်သန် နိုးထရေးသည် ပြန်ပြောင်း၍ မရသော သမိုင်းဖြစ်စဉ်သို့ ဝင်ရောက်လိုက်ကြောင်း၊ ခရီးစဉ်သစ်တွင် မိမိတို့သည် ခေတ်မှပေးအပ်သောတာဝန်များ၊ သမိုင်းပေး တာဝန်များ၊ ပြည်သူများပေးအပ်သောတာဝန်များကို ထမ်းဆောင်ရပြီး အင်အား တောင့်တင်းသော နိုင်ငံတည်ဆောက်ရန်၊ အမျိုးသားပြန်လည်ရှင်သန်နိုးထရန် တွန်းအားပေးခြင်းအတွက် မိမိတို့မျိုးဆက် လုပ်သင့်လုပ်ထိုက်သော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ရကြောင်း ပြောကြားခဲ့ပါသည်။