လက်ရှိအချိန်တွင် ဟွမ်မော်ပင်လယ်ဖြတ်ကျော်ရေးလမ်းကြောင်း ကောလန်းကောင် တံတားကြီး၏ အရှေ့ဘက်ပင်မမျှော်စင်ကို တည်ဆောက်ပြီးဖြစ်ပြီး၊ အနောက်ဘက်ပင်မ မျှော်စင်နှင့် ဟွမ်မော်ပင်လယ်တံတားကြီး၏အဓိကတာဝါတိုင် ၃ခုကိုလည်း တည်ဆောက် ပြီးစီးလုနီးပါးဖြစ်ကာ ဟွမ်မော်ပင်လယ်ဖြတ်ကျော်ရေးလမ်းကြောင်း၏ပဏာမပုံသဏ္ဌာန် စတင်ပေါ်လာပါသည်။
ဟွမ်မော်ပင်လယ်ဖြတ်ကျော်ရေးလမ်းကြောင်းသည် ကျူးဟိုင်မြို့ ကောလန်းကောင် စီးပွားရေးဇုန်မှ စတင်ပြီး အနောက်ဖက် ကျူးကျန်းမြစ်ဝဖြစ်သည့် ယားမင်ဟု ခေါ်သော ပင်လယ်ဝင်ပေါက်ရှိ ဟွမ်မော်ပင်လယ်ရပ်ဝန်းကို ဖြတ်ကျော်၍ ထိုင်စန်းမြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ စုစုပေါင်းတံတားအရှည်မှာ (၃၁)ကီလိုမီတာ ဖြစ်ပြီး ၂၀၂၄ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ စတင်အသုံးပြု မည်ဟု ခန့်မှန်းရပါသည်။