CGTN သတင်းထောက် Liu Xin သည် “Nord Stream” အကြောင်းဖွင့်ချသူ Seymour Hersh အား သီးသန့်အင်တာဗျူးမေးမြန်း

(GMT+08:00)2023-03-12 16:54:02  

အမေရိကန်နာမည်ကျော် စုံစမ်းစစ်ဆေးရေးသတင်းထောက် Seymour Hersh သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက မိမိ၏ စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ပြီး Nord Stream ပိုက်လိုင်းအား အမေရိကန်သတင်းထောက်လှမ်းရေးဌာနနှင့် အမေရိကန်တပ်ဖွဲ့ တို့မှ လျှို့ဝှက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဖွင့်ချခဲ့ပါသည်။ယခုလ ၇ ရက်နေ့က အမေရိကန် New York Times၊ ဗြိတိန် The Times နှင့် ဂျာမဏီ မီဒီယာများစွာတို့သည် စုပေါင်းကာပြောဆိုချက်အသစ်ကို ရုတ်တရက် ထုတ်ပြန်လာခဲ့ပြီး၊ “ယူကရိန်းလိုလားသည့် အဖွဲ့” တစ်ဖွဲ့က “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ CGTN အစီအစဉ်မှူး Liu Xin မှသီးသန့်အင်တာဗျူးကို လက်ခံရာတွင် Seymour Hersh က အနောက်တိုင်းမီဒီယာများ၏ ရည်ရွယ်ချက်မှာ လူများကို အာရုံပြောင်းစေရန်ဖြစ်ပြီး၊ ယူကရိန်းဘက်အနေနှင့် “Nord Stream” ပေါက်ကွဲမှုပြုလုပ်ရန် ဆောင်ရွက်နိုင်စွမ်းမရှိ ကြောင်း ပြောကြားခဲ့ပါသည်။