ဗီယက်နမ်၏ လူဦးရေသည် ဧပြီလလယ်တွင် သန်း ၁၀၀ ကျော်ရန် မျှော်မှန်းထားပြီး လူဦးရေ သန်း ၁၀၀ ကျော်ရှိသော ၁၅ နိုင်ငံ မြောက် နိုင်ငံဖြစ်လာမည်

(GMT+08:00)2023-03-12 16:55:48  

လွန်ခဲ့သည့်နှစ်များအတွင်း ဗီယက်နမ်နိုင်ငံ၏ ပျမ်းမျှလူဦးရေ တိုးနှုန်းကို အခြေခံ၍ ယခုနှစ်ဧပြီလလယ်တွင် တစ်နိုင်ငံလုံး၏ လူဦးရေသည် သန်း ၁၀၀ သို့ရောက်ရှိမည်ဖြစ်ကြောင်း ဗီယက်နမ်စစ်တမ်းကောက်ယူရေးဌာနမှ စာရင်းအရ သိရပါသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ သုည နာရီအထိ ဗီယက်နမ်လူဦးရေသည် ၉၉ ဒသမ ၂ သန်းရှိပြီ ဖြစ်ပြီး လွန်ခဲ့သည့်နှစ်များအတွင်း ပျမ်းမျှလူဦးရေတိုးနှုန်းအရ ယခုနှစ် ဧပြီလလယ်တွင် ဗီယက်နမ်နိုင်ငံတွင် လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် ၁၅နိုင်ငံ မြောက် နိုင်ငံဖြစ်လာကာ အရှေ့တောင်အာရှတွင် လူဦးရေ သန်း ၁၀၀ ရှိသည့် တတိယနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဗီယက်နမ်စစ်တမ်းကောက်ယူရေးဌာနမှ စာရင်းအရ သိရသည်ဟု ဗီယက်နမ် VTC ရုပ်မြင်သံကြားဌာနက မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ လူဦးရေ သန်း ၁၀၀ ကျော်ရှိသော အခြား အရှေ့တောင် အာရှနိုင်ငံနှစ်နိုင်ငံမှာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ပါသည်။