ယူနန်ပြည်နယ်ရှိကုန်းပြင်မြင့်ဒေသ၏ရှုခင်းသာအလှများသည် ခရီးသည်များအား ဆွဲဆောင်

(GMT+08:00)2023-03-12 16:57:14  

ယူနန်ပြည်နယ် ဒီချင့် ဇန့်(တိဘက်)လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် Pudacuoရှုခင်းသာ ရပ်ကွက်၊ မေလီ ဆီးနှင်းတောင်၊ ဒူခေ့ဇုံ ရှေးဟောင်းမြို့ နှင့် စွန်းဇန့်လင်းဘုရားကျောင်း စသောခရီးသွားအရင်းအမြစ်များရှိပါသည်။ ယခုနှစ်တွင် ဒေသခံခရီးသွားဈေးကွက်သည် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာပါသည်။ စာရင်းတွေအရ ယခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ တွင် ဒီချင့် ဇန့်(တိဘက်)လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲသို့ ခရီးသည်ဦးရေ (၂)သန်း (၈)သိန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားဝင်ငွေ တရုတ်ယွမ် (၂.၉)ဘီလီယံခန့်ရှိကာ ၂၀၁၉ခုနှစ် အလားတူအချိန်ပိုင်းကထက် (၁၆၀.၃၂)ရာခိုင်နှုန်း နှင့် (၁၇၅.၅၄)ရာခိုင်နှုန်း အထိ အသီးသီး ပြန်လည်ရရှိခဲ့တယ်လို့ သိရပါသည်။