ပြည်သူများမှ လာခြင်း

(GMT+08:00)2023-03-11 13:01:54  

“ပြည်သူများသည် မိမိကို ဒီတာဝန်လုပ်ငန်း ထမ်းဆောင်ရန် အာဏာအပ်နှင်းတာ ဖြစ်ကြောင်း၊ မိမိသည် ပြည်သူများကို စိတ်ထဲ ထိပ်ဆုံးနေရာတွင် အမြဲတစေ ထားရှိမည် ဖြစ်ကြောင်း” ရှီကျင့်ဖိန်းက ပြောကြားပါသည်။

ပြည်သူများမှ လာခြင်း၊ ပြည်သူများ အတွက် ဖြစ်ခြင်းနှင့် ပြည်သူများအား မှီခိုအားထားရခြင်း ဖြစ်ပါသည်။ မြေဝါ ကုန်းပြင်မြင့်ဒေသရှိ ကျေးရွာ လေးမှ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ် အထိ၊ ကျေးရွာ ပါတီ ကလာပ်စည်း အတွင်းရေးမှူးမှ ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် နိုင်ငံတော် သမ္မတ  အထိ ရှီကျင့်ဖိန်သည် မိမိကို ပြည်သူများ၏ အကူရဲဘော် အဖြစ် အမြဲ သဘောထားပြီး ပြည်သူများ၏ ချမ်းသာသုခများ အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ပါသည်။

ရှီကျင့်ဖိန်က “ကိုယ်ကျိုးမဖက်၊ ပြည်သူများ၏ မျှော်လင့်ချက်အတွက် ကြိုးပမ်းဆောင်ရွက်မည်”ဟု ပြောကြားပါသည်။ ၄င်းသည် လက်တွေ့ဆောင်ရွက်မှုများဖြင့် ပြည်သူများ အပေါ် လေးနက်သော ချစ်ခင်မြတ်နိုးခြင်းကို ဖော်ပြပါသည်။