ကန် သမ္မတ ဘိုင်ဒန်က ကယ်လီဖိုးနီးယားပြည်နယ်သည် အရေးပေါ်အခြေအနေသို့ ရောက်ရှိကြောင်း ကြေညာခဲ့

(GMT+08:00)2023-03-11 13:46:19  

    မတ်လ ၁၀ရက်နေ့က အိမ်ဖြူတော်မှ ကြေညာချက်တစ်ရပ်အရ အမေရိကန်သမ္မတ ဘိုင်ဒန်က ကယ်လီဖိုးနီးယားပြည်နယ်သည် အရေးပေါ်အခြေအနေသို့ ရောက်ရှိသည်ဟု ထိုနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ၉ရက်နေ့မှစ၍ အဆိုပါဒေသကို ထိခိုက်စေခဲ့သော ပြင်းထန်သည့် ဆောင်းရာသီ မုန်တိုင်း၊ ရေကြီး၊ တောင်မြေပြိုကျမှု နှင့်  တောင်ပေါ်မှ ရွှံ့များကျောက်များ ဒလဟော ကျဆင်းမှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြည်ထောင်စုအစိုးရမှ ထောက်ပံ့မှုတင်ပေးရန် အမိန့်ချခဲ့ကြောင်း သိရှိရပါသည်။