ပူတင်မှ ရှီကျင့်ဖိန်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-03-11 13:02:44  

မတ်လ ၁၀ရက်နေ့က ရုရှားနိုင်ငံသမ္မတ ပူတင် သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပိုခဲ့ရာ ရှီကျင့်ဖိန် အား တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတအဖြစ် ဆက်လက်အရွေးခံရခြင်းကို နွေးထွေးစွာ ဂုဏ်ပြုလိုက် ပါသည်။

ထိုသို့ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် သမ္မတပူတင်က တရုတ် ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက်မှ ၄င်းဆုံးဖြတ်ချက် အတည်ပြုခြင်းမှာ အဆွေတော်သည် နိုင်ငံတော်ထိပ်သီးခေါင်းဆောင်အဖြစ် မြင့်မားသော ဂုဏ်သိက္ခာ ရှိပြီး အဆွေတော်မှ ရေးဆွဲချမှတ်သော တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာ ဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံ၏ အကျိုးအမြတ်ကို ကာကွယ် ထိန်းသမ်း ရန် မူဝါဒများကို တရုတ်နိုင်ငံတွင် အကျယ်ပြန့်ဆုံးသော ပြည်သူလူထု၏ ထောက်ခံမှု ရရှိခြင်းကို ပြဆိုနိုင်ကြောင်း၊ ရုရှားနိုင်ငံအနေနှင့် ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်ရန်အတွက် အဆွေတော်၏ အကျိုးပြု စွမ်းဆောင် မှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ မိမိတို့ အတူတကွ ကြိုးပမ်း ဆောင်ရွက်မှု ကြောင့် ရုရှား-တရုတ် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ကြီးမား သော အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ရန် မိမိက အခိုင်အမာယုံကြည်ကြောင်း၊ မိမိ အနေဖြင့် အဆွေတော်နှင့်အတူ ဒေသတွင်း နှင့် နိုင်ငံတကာ ပြဿနာများ နှင့်ပတ်သက်၍ ဆက်လက် ရင်းနှီးစွာဆက်သွယ် တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း၊ အဆွေတော်အား ချစ်ကြည်ရင်းနှီးသော တရုတ် ပြည်သူများ အတွက် အကျိုးပြု စွမ်းဆောင်ရေးလုပ်ငန်းတွင် ပိုမိုကြီးမားသော အောင်မြင်မှု သစ်များရရှိပါစေဟု ဆုမွန်းကောင်း တောင်းလိုက်ကြောင်း ဖော်ပြပါရှိသည်။