တရုတ်၊ ဆော်ဒီအာရေဗျနှင့် အီရန်တို့သည် ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိရန် ကြေညာ

(GMT+08:00)2023-03-11 13:06:12  

        မတ်လ ၁၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံနှင့် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံတို့သည် သုံးပွင့်ဆိုင် ပူးတွဲကြေညာချက်ကို ဘေကျင်းမြို့၌ ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သည် နှစ်ဖက်အကြား သံတမန်ဆက်ဆံရေး ပြန်လည် ထားရှိရန်၊ အများဆုံး ၂ လအတွင်း သံရုံးနှင့် ကိုယ်စားလှယ်ရုံးများကို ပြန်လည်ဖွင့်လှစ်ရန်၊ သံအမတ်ကြီးများကို  အပြန်အလှန် စေလွှတ်ရန်နှင့် နှစ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေးကို ဆွေးနွေးရန် သဘောတူညီမှု ရရှိကြောင်း၊  နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ပေးဖို့ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း သုံးနိုင်ငံတို့က ကြေညာသည်။