ဆော်ဒီအာရေဗျနှင့် အီရန်၏ ဘေကျင်းဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ဝမ်ယိက ကြီးမှူးကျင်းပ

(GMT+08:00)2023-03-11 13:05:09  

    မတ်လ ၁၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီနိုင်ငံခြားရေးရာ ဌာန ဥက္ကဋ္ဌ ဝမ်ယိသည် ဘေကျင်းမြို့၌ ဆော်ဒီအာရေဗျနှင့် အီရန်၏ ဘေကျင်းဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ကြီးမှူးကျင်းပခဲ့ပါသည်။ ဆော်ဒီအာရေဗျ နိုင်ငံတော်ရေးရာ ဝန်ကြီး၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အာဘန်နှင့် အီရန် အမြင့်ဆုံး နိုင်ငံတော် လုံခြုံရေးကော်မတီ အတွင်းရေးမှူး ရှာမူဟာနီတို့ တက်ရောက်ခဲ့ကြပါသည်။ ဝမ်ယိသည် ဆော်ဒီအာရေဗျနှင့် အီရန်တို့ သမိုင်းဝင် ခြေလှမ်းတစ်လှမ်းကို လှမ်းပြီး နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည်ကောင်းမွန်စေရန်အတွက် ကြီးမားသော အောင်မြင်မှုရလဒ်ရရှိခြင်းအပေါ် ဂုဏ်ပြု ကြောင်း၊ နှစ်နိုင်ငံစလုံးတို့၏ ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်းအဖြစ် တရုတ်ပြည်အနေနှင့် အပြု သဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖော်ပြပါသည်။