Nord Stream ပေါက်ကွဲမှုဆိုင်ရာ အနောက်တိုင်းမီဒီယာများမှ ပြောဆိုချက်အသစ်များ သည် "ယုတ္တိမတန်"ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆို

(GMT+08:00)2023-03-11 13:04:18  

Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုသည် "ယူကရိန်းလိုလားသည့် အဖွဲ့များ"မှ ပြုလုပ်ခြင်းဖြစ်သည်ဟု အနောက်တိုင်းမီဒီယာအချို့မှ ပြောဆိုချက်အသစ်များ နှင့် စပ်လျဉ်း၍၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ၎င်းပြောဆိုချက်များသည် ယုတ္တိမတန်ကြောင်း မိမိယူဆသည်ဟု ယခုလ ၁၀ ရက်နေ့က ဖော်ပြကြောင်း သတင်းအရ သိရပါသည်။

Nord Stream သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု အရေးအခင်းနှင့် စပ်လျဉ်း၍ အနောက်တိုင်းမီဒီယာများက နိုင်ငံ့အဆင့် အင်အားသာ ယင်းကဲ့သို့ ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်ဟု ဖော်ပြခဲ့ဖူးကြောင်း Lavrov က ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။