ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိခြင်းကို နိုင်ငံများစွာ ကြိုဆို

(GMT+08:00)2023-03-11 13:06:43  

        မတ်လ ၁၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆော်ဒီအာရေဗျဘုရင့် နိုင်ငံနှင့် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံတို့သည် သုံးပွင့်ဆိုင် ပူးတွဲကြေညာချက်ကို ဘေကျင်းမြို့၌ ထုတ်ပြန်ခဲ့သည်။

        ထိုနေ့တွင်ပင် အိုမန်၊ တူရကီ၊ လက်ဘနွန်နှင့် အီရတ် စသည့် နိုင်ငံများသည် ကြေညာချက် ထုတ်ပြန်ပြီး အဆိုပါ သုံးပွင့်ဆိုင် ပူးတွဲကြေညာချက်ကို ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။

        ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိရန် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ စေ့စပ်ညှိနှိုင်းမှုတွင် တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာခဲ့သည်။