Norfolk Southern Railway မှ CEO ကန်အထက်လွှတ်တော် ကျင်းပသော ကြားနာစစ်ဆေးပွဲသို့ တက်ရောက်

(GMT+08:00)2023-03-11 13:03:12  

မတ်လ ၉ရက်နေ့က အမေရိကန်အထက်လွှတ်တော် ပတ်ဝန်းကျင်နှင့် အများပြည်သူလုပ်ငန်းများ ကော်မတီသည် အိုဟိုင်းယိုးပြည်နယ် ရထားလမ်းချော်မှု ကြောင့် အဆိပ်ပါသော ဓာတုပစ္စည်းများ ယိုစိမ့်လာခြင်းနှင့် ပတ်သက်သော ကြားနာစစ်ဆေးပွဲကို ကျင်းပခဲ့ပါသည်။ Norfolk Southern Railway မှ CEO Alan H. Shaw သည် ကြားနာစစ်ဆေးပွဲသို့ တက်ရောက်သော်လည်း အဓိကကျသည့်  ပြဿနာအချို့ကို ရှင်းရှင်းလင်းလင်း မဖြေကြားနိုင်ခဲ့ပါ။

ထိုနေ့ကျင်းပသော ကြားနာစစ်ဆေးပွဲတွင် အမေရိကန်အထက်လွှတ်တော် အမတ်များသည် အမေရိကန်နိုင်ငံ မီးရထားလုပ်ငန်း ကုန်ကျစရိတ် လျှော့ချသည့် “ကုန်တင်မီးရထား ပို့ဆောင်ရေး တိကျစွာ ထိန်းချုပ်ရေးစနစ်”ကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးအန္တရာယ်များ၊ အရှေ့ပါလက်စတိုင်းမြို့ ပြည်သူများအား လျော်ကြေးပေးရေးစသည်တို့နှင့် ပတ်သက်၍ Alan H. Shaw ကို မေးမြန်းခဲ့ကြ ပါသည်။