တရုတ်နိုင်ငံသည် Tianhui-6 A/B ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-03-10 10:25:39  

မတ်လ ၁၀ ရက်နေ့က တရုတ်နိုင်ငံသည် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March 4C သယ်ဆောင်ဒုံးပျံဖြင့် Tianhui 6 A/B ဂြိုဟ်တုအား အာကာသထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါသည်။ ယင်းဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ ချောမောစွာဝင်ရောက်ခဲ့ပြီး လွှတ်တင်ရေးတာဝန်သည် ပြီးပြည့်စုံအောင်မြင်ခဲ့ပါသည်။  ယင်းဂြိုဟ်တုကို ပထဝီဝင်အချက်အလက် စစ်တမ်း ကောက်ယူခြင်းနှင့် မြေပုံဆွဲခြင်း၊ မြေယာနှင့် အရင်းအမြစ်များ စစ်တမ်းကောက်ယူခြင်းနှင့် သိပ္ပံနည်းကျ စမ်းသပ် သုတေသနပြုခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် အဓိကအားဖြင့် အသုံးပြုပါသည်။