မလေးရှား ဝန်ကြီးချုပ်ဟောင်း Muhyiddin သည် အဂတိလိုက်စားမှု စွပ်စွဲခံရ

(GMT+08:00)2023-03-10 14:55:39  

မလေးရှား ဝန်ကြီးချုပ်ဟောင်း Muhyiddin သည် အဂတိလိုက်စားမှု စွပ်စွဲခံရခြင်းကြောင့် မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၄င်းကို ဆင့်ခေါ်မေးမြန်းခဲ့ပါသည်။ သူသည် Najib ပြီးနောက် အဂတိ လိုက်စားမှု သံသယ ရှိသောကြောင့် စွပ်စွဲခံရသော မလေးရှား ၀န်ကြီးချုပ်ဟောင်း နောက်တစ်ဦး ဖြစ်လာ နိုင်ပါသည်။

ထိုနေ့ညတွင် Muhyiddinသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆင့်ခေါ် မေးမြန်းမှုအပြီး အာမခံဖြင့် လွတ်မြောက်လာပြီးနောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ Muhyiddinက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ၎င်း၏အာဏာရကာလအတွင်း ဖော်ဆောင်ခဲ့သည့် တင်ဒါခေါ်စီမံကိန်းများတွင် လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု သံသယရှိခြင်းနှင့် ၄င်း ဦးဆောင်သော ပါတီသည် နိုင်ငံရေးအလှူငွေများကို လက်ခံရာတွင် အကျိုးစီးပွားလဲလှယ်မှု သံသယရှိခြင်းတို့ကြောင့် ၎င်းအား စွပ်စွဲခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။