ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ ပစ်ခတ်မှုတွင် လူ ၇ ဦး သေဆုံး၊ ၂၅ ဦး ဒဏ်ရာ ရရှိ

(GMT+08:00)2023-03-10 15:07:59  

ဗြိတိန်နိုင်ငံ " The Guardian " ၊ အမေရိကန်နိုင်ငံ CNN နှင့် အခြားမီဒီယာများ၏ သတင်း ထုတ်ပြန်ချက်အရ  မတ်လ ၉ ရက်နေ့ ညက ဂျာမနီ နိုင်ငံ ဟမ်းဘတ်မြို့ရှိ ခရစ်ယာန်ဘာသာကျောင်း တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိကာ ၄င်းတို့အနက် ၈ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း၊ ဒေသခံ ရဲဘက်မှ သတင်းအရ  ခရစ်ယာန်ဘာသာကျောင်းအတွင်း တွေ့ရှိရသည့် သေဆုံးသူများတွင် လူသတ်သမား၏ ရုပ်အလောင်းလည်း ပါဝင် နိုင်ဖွယ် ရာရှိကြောင်း China Media Groupမှ သတင်းအရသိရပါသည်။