ကန်၊ ဗြိတိန်နှင့် သြစတြေးလျား သုံးနိုင်ငံအား စစ်အေးအတွေးအခေါ်ကို စွန့်လွှတ်ပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးရှိသော ကိစ္စရပ်များကို ပိုမို လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

(GMT+08:00)2023-03-10 10:26:26  

မတ်လ ၉ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သုံးနိုင်ငံမှ နျူကလီးယားရေငုတ်သင်္ဘောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သော သတင်းထောက်၏မေးမြန်းချက်ကိုဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံအနေဖြင့် တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါသုံးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ပြင်းထန်သော နျူကလီးယားပြန့်ပွားစေမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာနျူကလီးယားမပြန့်ပွားစေရေးစနစ်ကို ထိခိုက်ပြီး စစ်လက်နက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်လာစေကာ အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်း တည်ငြိမ်ရေးကို ထိခိုက်၍ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မယုံသင်္ကာဖြစ်မှုနှင့် ကန့်ကွက်မှုများကို ခံရကြောင်း၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျားသုံးနိုင်ငံအား စစ်အေးအတွေးအခေါ်နှင့် Zero-sum ကို စွန့်လွှတ်ပြီး နိုင်ငံတကာတာဝန်ဝတ္တရားများကို သစ္စာရှိရှိ ထမ်းဆောင်ကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးရှိသော ကိစ္စရပ်များ ပိုမိုလုပ်ဆောင် ရန် မိမိတို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။