ရာနှင့်ချီသော တောင်ကိုရီးယားပြည်သူများက 'အရှက်ကွဲ သံတမန်ရေး' ကို ရှုတ်ချပြီး နောက် တောင်ကိုရီးယားသမ္မတ ယွန်ဆူးယွီသည် ဂျပန်နိုင်ငံသို့ ခရီးလှည့်လည် မည်

(GMT+08:00)2023-03-10 15:08:47  

 တောင်ကိုရီးယားသမ္မတ ယွန်ဆူးယွီသည် မတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

    ယခင် သတင်းများအရ တောင်ကိုရီးယားသမ္မတ ယွန်ဆူးယွီက တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် သမိုင်းစဉ်တွင် နှစ်နိုင်ငံအကြား ရန်ငြိုးထားချက် များကို စွန့်လွှတ်ကာ universal value အမြင် ရှိသော ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် မကြာမီတွင် ယွန်းဆိုးယွီအစိုးရက ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်က လုပ်သားများကို အဓမ္မ ခိုင်းစေရာတွင် ဒဏ်ခံရသူများအား လျော်ကြေးပေးရေး အစီအစဉ် တစ်ရပ်ကို ထုတ်ပြန်ပြီး၊ ယင်းအစီအစဉ်တွင် စွပ်စွဲခံရတဲ့ ဂျပန် ကုမ္ပဏီများအစား တောင်ကိုရီးယားက လျော်ကြေးနှင့် အတိုးငွေများကို ပေးမည်ဟု ဖေါ်ပြထားသဖြင့် တောင်ကိုရီးယား ပြည်တွင်းတွင် ကန့်ကွက်သံ လွန်စွာ တိုးများလာခဲ့ကြောင်း သတင်း ရရှိပါသည်။