ယူကရိန်းရှိ နေရာအများအပြားတွင် ရုရှား ဒုံးကျည် တိုက်ခိုက်မှု ခံရ

(GMT+08:00)2023-03-10 11:00:08  

        ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် မတ်လ ၉ ရက်နေ့က ယူကရိန်းနိုင်ငံ Kievမြို့ ၊ Kharkiv ပြည်နယ်နှင့် Odessaပြည်နယ်စသည့် ဒေသများကို ရုရှားစစ်တပ်သည် အဝေးမှ တိုက်ခိုက်ခဲ့ရာ ယူကရိန်း အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းအပါအဝင် တစ်ပြည်လုံး တိုက်ခိုက်မှု ခံခဲ့ရကြောင်း၊ တိုက်ခိုက်မှု ရလဒ်ကို အကဲဖြတ်သုံးသပ်ရလျှင် ရုရှားစစ်တပ်၏ အဓိက ပစ်မှတ်မှာ နေရာအသီးသီးရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်ကြောင်း သတင်းအရ သိရပါသည်။

        ယခုအချိန်တွင် Kievမြို့မှ နေထိုင်သူများ ၄၀ ရာခိုင်နှုန်းသည် အပူစနစ် ထောက်ပံ့မှု မရှိကြောင်း၊ Kievမြို့အပူချိန်မှာ ၄ ဒီဂရီ စင်တီဂရိတ်သာ ရှိကြောင်း၊ Kievမြို့တွင် ရေထောက်ပံ့မှု ပုံမှန်ဖြစ်နေဆဲဖြစ်ကြောင်း၊ ရုရှားစစ်တပ်၏ ယခုအကြိမ် တိုက်ခိုက်မှုကို ဒေသစံတော်ချိန်အရ မိုးလင်းပိုင်းမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ Kievမြို့ အနောက်မြောက်ဘက်ရှိ Zhytomyrပြည်နယ်တွင် ရေထောက်ပံ့မှု ပြတ်တောက်နေကြောင်း၊ တောင်ဘက်ရှိ Nikolayev ပြည်နယ်တွင် လေကြောင်းရန် ကာကွယ်ရေး ဥသြသံများ ထွက်ပေါ်လာကြောင်း၊ Kharkiv ပြည်နယ်နှင့် Odessaပြည်နယ်များတွင် အရပ်သားများနေထိုင်သည့် အဆောက်အအုံ နှင့် အခြေခံအဆောက်အအုံများကို ဒုံးကျည် ထိမှန် ခဲ့ကြောင်း၊ ရုရှားထိန်းချုပ်သော Zaporozhye နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ယူကရိန်း ဓာတ် အား ကွန်ရက်အကြား ဆက်သွယ်မှုသည် ဒုံးကျည်တိုက်ခိုက်မှုကြောင့် လုံးဝ ပြတ်တောက် သွားကြောင်း သတင်းအရ သိရပါသည်။