ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘောကို ရှန်ဟိုင်း၌ လွှဲပြောင်းပေးအပ်ပြီး ယင်းသင်္ဘောသည် ကမ္ဘာ့ အကြီးဆုံး လေယာဉ်တင် သင်္ဘောထက်တောင် မီတာ ၆၀ ကျော် ရှည်လျား

(GMT+08:00)2023-03-10 14:47:50  

        ၂၀၂၃ခုနှစ် မတ်လ ၉ ရက်နေ့က ကွန်တိန်နာ ၂၄၁၁၆ ခု တင်နိုင်သော စူပါအကြီးစား ကွန်တိန်နာသင်္ဘော Mediterranean Tessa ကို ရှန်ဟိုင်းမြို့၌ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းသည် လက်ရှိ ကမ္ဘာပေါ်တွင် အပြီးတည်ဆောက်ထားသော အကြီးဆုံး ကွန်တိန်နာတင် သင်္ဘော ဖြစ်ပြီး ၂၀၂၂ခုနှစ် ဇွန်လက လွှဲပြောင်းပေးအပ်ခဲ့သော ကွန်တိန်နာ ၂၄၀၀၀ တင်နိုင်သော စူပါအကြီးစား ကွန်တိန်နာသင်္ဘော Changyi ၏ စံချိန်ကို ကျော်လွန်ခဲ့ကြောင်း သတင်းအရ သိရပါသည်။