အမေရိကန် အန္တရာယ်ရှိသည့်ပစ္စည်းများ တင်ဆောင်ထားသော ရထား လမ်းချော်မှုဖြစ်ပွားရာနေရာမှ နေထိုင်သူများ၏ ကျန်းမာရေး အခြေအနေ ရလဒ် ထုတ်ပြန်

(GMT+08:00)2023-03-10 14:54:58  

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် ယခုရက်များတွင် စုံစမ်း စစ်ဆေးရေး ရလဒ်ကို ထုတ်ပြန်ရာတွင် ဖေဖော်ဝါရီလဆန်းပိုင်းက အိုဟိုင်းယိုး ပြည်နယ်၌ အန္တရာယ်ရှိသည့်ပစ္စည်းများ တင်ဆောင်ထားသော ရထား တစ်စင်း လမ်းချော်မှုဖြစ်ပွားပြီးနောက် ဒေသခံတွေ  အများဆုံး ခံစားရသည့် လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အရေပြားနာခြင်း စသည်တို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု အမေရိကန်မီဒီယာ “USA Today” မှ မတ်လ ၆ရက်နေ့က ထုတ်ပြန်သည့်သတင်းအရ သိရပါသည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း အိုဟိုင်းယိုးပြည်နယ် ကျန်းမာရေးဌာနနှင့် အမေရိကန် ကျန်းမာရေးနှင့် အများပြည်သူ့ဝန်ဆောင်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး အခင်းဖြစ်ပွားရာနေရာ၌ နေထိုင်သူ ၁၆၈ ဦး၏ ကျန်းမာရေးအခြေအနေကို စုံစမ်းစစ်ဆေးခဲ့ ကြောင်း သိရပါသည်။