အစည်းအဝေး နှစ်ရပ်ကနေ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီ အကြောင်း နားလည်သိရှိ

(GMT+08:00)2023-03-10 10:27:57  

 ပီကင်းမှာ ကျင်းပနေဆဲ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အစည်းအဝေးတို့ဟာ ကမ္ဘာကြီးက တရုတ်နိုင်ငံရဲ့ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီ အကြောင်းကို နားလည်သိရှိဖို့ အရေးကြီးတဲ့ ပြတင်းပေါက်တစ်ခုပဲ ဖြစ်ပါတယ်။

   ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီဟာ ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံရေးရဲ့ မူရင်း သဘော ဖြစ်ပါတယ်။ အဲဒီ ဒီမိုကရေစီ အသွင်ပုံစံဟာ ရွေးကောက်ရေး ဒီမိုကရေစီနဲ့ အတိုင်ပင်ခံ ဒီမိုကရေစီကို ပေါင်းစပ်ထားပြီး၊ ဒီမိုကရေစီကျကျ ရွေးကောက်ခြင်း၊ ဒီမိုကရေစီ ကျကျ အတိုင်ပင်ခံခြင်း၊ ဒီမိုကရေစီ ကျကျ ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီ ကျကျ စီမံအုပ်ချုပ်ခြင်း၊ ဒီမိုကရေစီ ကျကျ ကြီးကြပ်ခြင်းတို့ကို တစ်သားတည်းဖြစ်အောင် ဆောင်ရွက်၍၊ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မျိုးစုံမှာ ပြည်သူ့အသံကို ကြားနိုင် စေပြီး ပြည်သူ့ဆန္ဒကို ပေါ်လွင်နိုင်စေကာ အကျယ်ပြန့်ဆုံး၊ အစစ်မှန်ဆုံး၊ အတွင်ကျယ်ဆုံးသော ဒီမိုကရေစီပဲ ဖြစ်ပါတယ်။

  ဒီမိုကရေစီဟာ အလှဆင်ပစ္စည်းနဲ့ ဘန်းပြစရာ မဟုတ်ဘဲ ပြည်သူများအတွက် ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာများကို ဖြေရှင်းရန် ဖြစ်ပါတယ်။ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ခြင်းမှာရော၊ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်မှုမှာ အောင်မြင်မှု ရရှိခြင်းမှာရော၊ တရုတ်အသွင်ပုံစံ ခေတ်မီရေးကို အဆက်မပြတ် တိုးမြှင့်ခြင်းမှာရော တရုတ်နိုင်ငံမှာ ရရှိခဲ့တဲ့ လူမှုရေးနဲ့ စီးပွားရေး တိုးတက် အောင်မြင်မှုများဟာ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီနဲ့ ခွဲမရပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ သြဇာသက်ရောက်မှု ရှိတဲ့ စစ်တမ်းကောက်ယူမှု ဌာနများရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်ပြည်သူများရဲ့ အစိုးရအပေါ် ကျေနပ်မှုနှုန်းဟာ နှစ်စဉ်နှစ်တိုင်း ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ အနာဂတ်မှာ တရုတ်အသွင်ပုံစံ ခေတ်မီရေး ဆက်လက် ဖော်ဆောင်လာတာနဲ့ အမျှ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီ လမ်းကြောင်းမှာ ပိုမို များပြားတဲ့ ဖွံ့ဖြိုး တိုးတက်ရေး အောင်မြင်မှုရလဒ်များ ရရှိနိုင်မှာ ဖြစ်ပြီး ပိုမို များပြားတဲ့ နိုင်ငံတကာ ပြည်သူများကို အကျိုးစီးပွားများ ခံစားစေနိုင်မှာ ဖြစ်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။