ရှီကျားဟို ရှေးဟောင်းမြို့ နောက်ဆုံး သုတေသနရလဒ် ထုတ်ပြန်

(GMT+08:00)2023-03-09 13:57:19  

မကြာခင်ရက်များက တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှေးဟောင်း ယဉ်ကျေးမှု သုတေသနဌာနသည် နောက်ဆုံးရ ရှေးဟောင်း သုတေသနရလဒ်ကို ထုတ်ပြန်ခဲ့ရာ၊ ရှီကျားဟို ရှေးဟောင်းမြို့၏အကျယ်အဝန်းသည် စတုရန်း မီတာ ၃သန်း ၅သိန်းနီးပါးရှိပြီး ယန်ဇီမြစ် အလယ်ပိုင်း၌ တူညီသောခေတ်က အကြီးဆုံး ရှေးဟောင်းမြို့ဖြစ်သည်ဟု ပထမဆုံးအကြိမ် အတည်ပြုခဲ့ကြောင်း၊ တစ်ချိန်တည်း တွင်ပင် ရှေးဟောင်းမြို့၏ ဆည်မြောင်းစနစ်ကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ရှီကျားဟို ရှေးဟောင်းမြို့နှင့် ယန်ဇီမြစ် ယဉ်ကျေးမှုဖြစ်စဉ်ကို တစ်ဆင့်တိုးပြီး သုတေသနပြုရန် အရေးကြီး အကြောင်းအရာအချက်အလက်သစ်များကို တင်ပေးကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။