ဖိလစ်ပိုင်တွင်ရေနံတင်သင်္ဘောနစ်မြုပ်မှုကြောင့်အနီးပတ်ဝန်းကျင်တွင်ဆိုးရွားစွာညစ်ညမ်းလျက်ရှိ

(GMT+08:00)2023-03-09 14:51:22  

မတ်လ၈ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Polaမြို့တွင် ကမ်းခြေစောင့်တပ်မှ ဝန်ထမ်းများသည် နစ်မြုပ်နေသော ရေနံတင်သင်္ဘောMT Princess Empress မှ ကမ်းပေါ်သို့ မျှောလာသော ရေနံများကို သန့်ရှင်းရေး လုပ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေနံဆီ လီတာ ၈ သိန်းကို တင်ဆောင်လာသော ရေနံတင်သင်္ဘောMT Princess Empress သည် အင်ဂျင်ချို့ယွင်းမှုနှင့်ကြီးမားသောလှိုင်းကြီးများကြောင့် နစ်မြုပ်ခဲ့သည်။ ထို့ကဲ့သို့ နစ်မြုပ်ခြင်းကြောင့် သန္တာကျောက်တန်းများ၊ ဒီရေတောများနှင့် ပင်လယ်မြက်များ ဟက်တာ ၃.၆ သောင်းခန့် ပျက်စီးဆုံးရှုံးနိုင်ခြေရှိကြောင်း ပင်လယ်ရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဒေသခံအစိုးရသည်လည်း ညစ်ညမ်းခဲ့သော ပင်လယ်ပြင်အတွင်း ငါးဖမ်းခြင်းနှင့်ရေကူးခြင်းတို့ကို တားမြစ်ခဲ့ပြီး ထိုဖြစ်ရပ်ကြောင့် ငါးဖမ်းခြင်းနှင့် ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ရပ်တွေလည်း ရပ်တန့် နေရကြောင်း သိရပါသည်။