အမှတ် (၇၅) တပ်မတော်စု တပ်ရင်းကြီးတစ်ခုတွင် စစ်ခွေးများသည် ပထမဆုံးအကြိမ် လေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2023-03-09 14:50:20  

မကြာမီက ယူနန် အနောက်ကုန်းမြင့်နေရာရှိ လေ့ကျင့်ရေးကွင်းတစ်ခုတွင် ကြည်း တပ် အမှတ် (၇၅) တပ်မတော်စု အထူးစစ်ဆင်ရေးတပ်ရင်းကြီးတစ်ခုမှ စစ်ခွေးများသည် ယခုနှစ်တွင် ပထမဆုံး အကြိမ် လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ယခုအကြိမ် စစ်ခွေးလေ့ကျင့်မှုသည် သမားရိုးကျ လေ့ကျင့်ရေး မဟုတ်ဘဲ မိုင်းရှာဖွေရှင်းလင်းခြင်း၊ ကာကွယ်ခြင်း၊ စစ်မြေပြင်ကယ်ဆယ်ခြင်း၊ ကွင်းပြင်ရှင်သန်ခြင်း၊ လျှို့ဝှက်ဖြတ်ကျော်ခြင်းစသည်ဖြင့် လေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။ ဒီလိုလေ့ကျင့်တာဟာ စစ်ခွေးများ၏ ပရော်ဖက်ရှင်နယ်အရည်အသွေးကို တိုးတက်စေရုံသာမက ခွေးလေ့ကျင့်ရေးစစ်သားများ၏ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။