ကမ္ဘာ့ပထမဆုံး အရိုးအသေးများမပါဘဲ၊ ကျောရိုးနှင့်အရိုးကြီးများသာ ပါရှိသည့် ငါးကွန်းညှပ်ကို စမ်းသပ်မွေးမြူ

(GMT+08:00)2023-03-09 14:00:39  

ယခုရက်များတွင် တရုတ်နိုင်ငံ ရေထွက်ကုန်ပစ္စည်း သုတေသနအသင်း၏ ဟေလုန်ကျန်းရှိ သုတေသနဌာနသည် မျိုးရိုးဗီဇပြုပြင်မွေးမြူနည်းဖြင့် ငါးကွန်းညှပ် တတိယ မျိုးဆက်ကို စမ်းသပ်မွေးမြူခဲ့ပါသည်။ ယင်းငါးသည် အရိုးအသေးများမပါဘဲ၊ ကျောရိုးနှင့် အရိုးကြီးများသာ ပါရှိပါသည်။ လက်ရှိတွင် ယင်းမျိုးကွဲသစ် သုတေသနပြုလုပ် မှုကို စမ်းသပ်ပြုလုပ်နေဆဲဖြစ်ပြီး ၂၀၂၅ခုနှစ်တွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားပါသည်။

ငါးစားသည့်အခါ အရိုးများကို ထွေးစရာမလိုဘဲ၊ " အရိုးသေးများမရှိသော ငါးကွန်းညှပ်" ကို စားရန် သင်မျှော်လင့်ပါသလား။