တရုတ်အမြန်ချော ပါဆယ်အရေအတွက်မှာ ဘီလီယံ၂၀ကျော်အထိ တိုးလာ

(GMT+08:00)2023-03-09 14:03:46  

China Postမှ ထုတ်ပြန်သော အချက်အလက်အရ မတ်လ ၈ရက်နေ့အထိ ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ အမြန်ချောပါဆယ်အရေအတွက်မှာ ၂၀.၀၉ ဘီလီယံ ရှိပြီ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသများ၌ နေ့စဉ်နေ့တိုင်း အမြန်ချောပါဆယ် သန်း၁၀၀ကျော် ရှိပြီး စက်မှုကုန်ပစ္စည်းများ ကျေးလက်ဒေသသို့ ရောက်ရှိလာခြင်းနှင့် လယ်ထွက်ကုန်များ မြို့ပြဒေသသို့ ရောက်ရှိလာခြင်းတို့ကို ပိုမို အဆင်ပြေလာစေပါသည်။ ကျေးလက်ဒေသ အမြန်ချော ကုန်စည် လည်ပတ်ရေးစနစ် ပိုမိုလျင်မြန်စွာ တည်ဆောက်ခြင်း၊ အမြန်ချောပါဆယ် ကျေးလက်ဒေသသို့ ရောက်ရှိနှုန်း အဆက်မပြတ် တိုးများလာခြင်းနှင့်အတူ အမြန်ချောလုပ်ငန်းသည် စားသုံးမှု မြှင့်တင်ရန် တွန်းအားပေးရေး၊ စီးပွားရေးလည်ပတ်ရန် အဆင်ပြေစေရေး စသည်တို့ကို တစ်ဆင့်တက်တိုးမြှင့်ပြီး မြို့ပြကျေးလက် ကုန်စည်လည်ပတ်ရေး၊ ကျေးလက်ဒေသ စားသုံးမှု တိုးချဲ့ရေး၊ ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ပါသည်။