ကန် West Virginiaပြည်နယ်၌ ရထားတစ်စီး လမ်းချော်မှု ဖြစ်ပွား

(GMT+08:00)2023-03-09 13:58:35  

၂၀၂၃ခုနှစ် မတ်လ ၈ရက်နေ့က အမေရိကန် အရှေ့ပိုင်းဒေသ CSXရထားကုမ္ပဏီက ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် ထိုနေ့နံနက်ပိုင်းက ကျောက်မီးသွေးသယ်ဆောင်သော ရထားတစ်စီးသည် West Virginiaပြည်နယ်၌ လမ်းချော်ခဲ့ကြောင်း၊ ပြေးဆွဲနေသောရထားသည် တောင်ပြိုကျမှုကြောင့် ကျဆင်းလာသည့် ကျောက်တုံးများကို တိုက်မိခဲ့သည့်အတွက် ယင်းမတော်တဆမှုဖြစ်စေခဲ့ပြီး အမှုထမ်း ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

စုစုပေါင်း အင်ဂျင်ရထားတွဲ ၄တွဲနှင့် အလွတ်ရထားတွဲ ၂၂တွဲ လမ်းချော်ခဲ့ကြောင်း၊ ၎င်းအနက် အင်ဂျင်ရထားတွဲတစ်တွဲသည် လမ်းချော်ပြီး ရေတွင် ရပ်နားကာ ဒီဇယ်နှင့်အင်ဂျင်ဆီ ယိုစိမ့်မှု ဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ CSXရထားကုမ္ပဏီမှ ကြေညာချက်အရ သိရပါသည်။

CSXရထားကုမ္ပဏီက လမ်းချော်ခဲ့သောရထားထဲတွင် အန္တရာယ်ရှိသော ပစ္စည်းများကို တင်ဆောင်လာခဲ့ခြင်း မရှိသည့်အတွက်  အများပြည်သူများအား အန္တရာယ်ဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း ပြောကြားခဲ့ပါသည်။