ကမ္ဘာ့လေတံခွန်၏ဇာတိ ဝေဖန်မြို့

(GMT+08:00)2023-03-09 14:01:52  

တရုတ်နိုင်ငံ စန်းတုန်းပြည်နယ် ဝေဖန်မြို့သည် ကမ္ဘာ့လေတံခွန်၏ဇာတိနေရာဖြစ်ပြီး လေတံခွန် ပြုလုပ်သည့် သမိုင်းကြောင်းက ရှည်လျားကာ ထိုလေတံခွန်သည် လက်ရာမြောက်လှပါသည်။ ဝေဖန် လေတံခွန်သည် ရိုးရာ လက်မှု ပစ္စည်းဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတစ်မျိုးလည်းဖြစ် သောကြောင့် ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားပါသည်။ ယခုအချိန်တွင် ဝေဖန်မြို့သည် ကမ္ဘာ့ လေတံခွန် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစင်တာဖြစ်ပြီး ၄င်းကို လေတံခွန်၏ “ဇာတိ”လို့လည်း ခေါ်ဆို ခြင်း ခံရပါသည်။