Bahmut သည် ရုရှား-ယူကရိန်းစစ်ပွဲအခြေအနေတစ်ခုလုံးကို ဂယက်ရိုက်ခတ်နိုင်

(GMT+08:00)2023-03-08 15:53:45  

လပေါင်းများစွာ ဆင်နွှဲခဲ့သည့် Bahmut တိုက်ပွဲနှင့်ပတ်သက်၍ ရုရှား ကာကွယ်ရေးဝန်ကြီး Shoigu နှင့် ယူကရိန်းနိုင်ငံသမ္မတ Zelensky တို့က ပြန်လည်သိမ်းပိုက်ရန်နှင့် ဆက်လက်ခုခံရန် သန္နိဋ္ဌာန်ကို မတ်လ၇ရက်နေ့နှင့် ၆ရက်နေ့တွင် အသီးသီးပြောကြားခဲ့ပါသည်။ အမေရိကန် The Hill သတင်းစာက Bahmut သည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးသည် လက်လွှတ်မည် မဟုတ်ကြောင်း၊ ၄င်းတိုက်ပွဲ၏ သင်္ကေတ အဓိပ္ပါယ်မှာ မဟာဗျူဟာမြောက် တန်ဖိုးထက် များစွာကျော်လွန်ကြောင်း ရေးသား ဖော်ပြခဲ့ပါသည်။