အာရှ အားကစားပြိုင်ပွဲ ကျင်းပရန် ရက် ၂၀၀ အလိုတွင် ဟန်ကျိုးမြို့ အာရှ အားကစားရွာတွင် တင်ဆက်ဖျော်ဖြေပွဲ ကျင်းပ

(GMT+08:00)2023-03-08 15:56:31  

ယခုလ ၇ ရက်နေ့သည် အာရှ အားကစားပြိုင်ပွဲ ကျင်းပရန် ရက် ၂၀၀ လိုတော့သည့်နေ့ ဖြစ်ပြီး  ဟန်ကျိုးမြို့ အာရှ အားကစားရွာတွင် “တို့၏ အာရှ အားကစားပြိုင်ပွဲ၊ တို့၏ အခမ်းအနား၊ တို့၏ တင်ဆက်ဖျော်ဖြေပွဲ” ခေါင်းစဉ် ဖြစ်သည့် တင်ဆက်ဖျော်ဖြေပွဲကို ကျင်းပခဲ့ရာ ကျက်ကျန်းပြည်နယ် ဒေသအရပ်ရပ်မှ ဒြပ်မဲ့ယဉ်ကျေးမှု အစီအစဉ်များကို တင်ဆက်ဖျော်ဖြေခဲ့ပါသည်။ ကျက်ကျန်းပြည်နယ် ကျင်နင် ရှေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင်မှ ရှေလူမျိုး မိန်းကလေးများသည် ခြေဗလာအကဖြင့် ကပြဖျော်ဖြေခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။