၂၀၂၇ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရန် လျှောက်လွှာတင်မည်ဟု ဘရာဇီး ကြေညာ

(GMT+08:00)2023-03-08 16:05:19  

 ၂၀၂၇ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဦးစီးကျင်းပရန် FIFAအား တရားဝင် လျှောက်လွှာ တင်မည်ဖြစ်ကြောင်း ဒေသစံတော်ချိန် မတ်လ ၇ ရက်နေ့က ဘရာဇီး အားကစားဝန်ကြီး အန်နာ-မိုဆာက ပြောကြားသည်။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ဘရာဇီးနိုင်ငံသည် ယခုနှစ် မေလ မတိုင်မီ တရားဝင် လျှောက်လွှာ တင်မည်ဖြစ်ကြောင်း သိရပါသည်။

      ယခုအချိန်အထိ ဂျာမနီ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့သည် ၂၀၂၇ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရန် ဆန္ဒရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် တောင်အာဖရိကနိုင်ငံကလည်း FIFAထံသို့ စာတစ်စောင်ပေးပို့ပြီး ကျင်းပရန် ဆန္ဒ ဖော်ပြခဲ့သည်။