နန်နင်း-ဘန်ကောက်၊ နန်နင်း-စင်ကာပူ လေကြောင်းခရီးစဉ်များ အရေအတွက်ကို တိုးမြှင့်

(GMT+08:00)2023-03-08 15:54:58  

အပြည်ပြည်ဆိုင်ရာ ခရီးသည်ပို့ဆောင်ရေးဈေးကွက် ပြန်လည်ဦးမော့လာ ခြင်းနှင့်အညီ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်း Wuxu အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၃ခုနှစ် မတ်လ ၆ရက်နေ့မှစ၍ နန်နင်း- ထိုင်းနိုင်ငံဘန်ကောက် လေကြောင်း ခရီးစဉ် အပတ်စဉ် ၉ခုအထိ တိုးများလာပြီး မတ်လ ၇ရက်နေ့မှစ၍ နန်နင်း-စင်ကာပူ လေကြောင်း ခရီးစဉ် အပတ်စဉ် ၂ခုအထိ တိုးများလာ ပါသည်။

နောက်ပိုင်းမှာ နန်နင်း Wuxu အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဗီယက်နမ် နိုင်ငံ ဟိုချီမင်း၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်း၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၊ မြန်မာနိုင်ငံ ရန်ကုန်နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းစသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မြို့တော် များနှင့် စီးပွားရေးမြို့ကြီးများသို့ လေကြောင်းလိုင်းများကို ရှေ့ဆင့်နောက်ဆင့် ပြန်လည်ပြေးဆွဲရန် စီစဉ်ထားပါသည်။ ဈေးကွက်ဝယ်လိုအားနှင့်အညီ လေကြောင်းလိုင်းအရေအတွက်ကို အချိန်နှင့်တစ်ပြေးညီ တိုးမြှင့်မည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ခရီးသည်ပို့ဆောင်ရေးဈေးကွက် ပြန်လည်ဦးမော့ရန် လုံခြုံစွာ စနစ်တကျ တွန်းအားပေးမည် ဖြစ်ပါသည်။