Belt and Road အဆိုပြုချက်သည် ကမ္ဘာ့နိုင်ငံများစွာ ဖွံ့ဖြိုးတိုးတက်ရန် အထောက် အကူပြု

(GMT+08:00)2023-03-07 16:30:42  

၂၀၂၃ခုနှစ်သည် Belt and Road အဆိုပြုချက်ကို တင်ပြသည့် ၁၀နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ တရုတ် NPC နှင့် CPPCC အစည်းအဝေးများတွင် သတင်းယူနေသော နိုင်ငံခြားသတင်းထောက်များနှင့် နိုင်ငံခြားမီဒီယာများတို့သည် Belt and Road ကို အရည်အသွေးမြင့်စွာ အတူတကွတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး အလွန်ဂရုစိုက်ကြပါသည်။

ဇမ်ဘီယာ သတင်းထောက် Dorothy Zissi သည် China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ Belt and Road အဆိုပြုချက်ကြောင့် ဇမ်ဘီယာနိုင်ငံအပါအဝင် အာဖရိကနိုင်ငံများစွာ၏ အသွင်ပုံစံများကို ပြောင်းလဲစေခဲ့ ကြောင်း၊ Belt and Road အဆိုပြုချက်ကြောင့် မိမိတို့နိုင်ငံ၏ အသွင်ပုံစံများကို ပြောင်းလဲစေပြီး အလုပ်အကိုင်နေရာများစွာကို ဖန်တီးပေးခဲ့ကြောင်း၊ lusaka မြို့တော်တွင် အခြေခံအဆောက်အအုံများစွာကို Belt and Road အဆိုပြုချက် ကြောင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နီပေါ အလင်းHDတီဗီသည် နီပေါ ပရိသတ်များအား ယခုနှစ် တရုတ် NPC နှင့် CPPCC အစည်းအဝေးများအကြောင်းကို ရှင်းလင်းဖော်ပြခဲ့ရာ Belt and Road ကို အရည်အသွေးမြင့်စွာ အတူတကွတည်ဆောက်ခြင်း၏ အရေးကြီးသော အဓိပ္ပါယ်ကို အလေးထားဖော်ပြခဲ့ပါသည်။

      နီပေါကွန်မြူနစ်ပါတီ (မာ့က်စ်-လီနင်ဝါဒီ) အထွေထွေအတွင်းရေးမှူး၊ နီပေါ ဒုတိယဝန်ကြီးချုပ်ဟောင်း Chandra Prakash Mainali က Belt and Road တည် ဆောက်ခြင်းကြောင့် မိမိတို့နီပေါနိုင်ငံ အကျိုးရရှိသည့်အပြင် တစ်ကမ္ဘာလုံးလည်း အကျိုးရလဒ်များကို မျှဝေပေးခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်သော တစ်ကမ္ဘာလုံးရှိ ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်ရန် အတူတကွရှာကြံပြီး ပူးပေါင်းဆောင်ရွက်ကာ အကျိုးရလဒ်များကို အတူတကွခံစားကြကြောင်း၊ နိုင်ငံ အသီးသီးတို့၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစသည့် နယ်ပယ် များတွင် အတူတကွဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ ၎င်းမှာ မွန်မြတ်သော အဆိုပြု ချက်တစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။