ကန် ရထား ဘီးချော်မှုကြောင့် ပတ်ဝန်းကျင်ကို ဘေးဒဏ် ဖြစ်စေ

(GMT+08:00)2023-03-07 16:31:48  

ဖေဖော်ဝါရီလ ၃ရက်နေ့က အန္တရာယ် ရှိသည့် ဓါတုပစ္စည်းများကို သယ်ဆောင်ထားသော ရထားတစ်စီးသည် အမေရိကန် Ohioပြည်နယ် အရှေ့ပါလက်စတိုင်းမြို့တွင် ဘီးချော်မှု ဖြစ်ပွားခဲ့ပါသည်။ မကြာခင် ရက်များက အမေရိကန် ပတ်ဝန်းကျင် ပညာရှင် အန်ဂျူ ဝယ်လ်တွန်နှင့် ၎င်း၏ အဖွဲ့တို့သည် ရထား ဘီးချော်မှု ဖြစ်ပွားခဲ့သည့် အနီးတဝိုက် နေရာများတွင် နမူနာများ ရယူပြီး စစ်ဆေးခဲ့ရာ ဒေသခံ ချောင်းရေများ ဆိုးရွားသော ညစ်ညမ်းမှု ဖြစ်ခဲ့ရသည်ကို တွေ့ရပါသည်။ ဒေသခံ ပြည်သူများသည်လည်း ခေါင်းကိုက်ခြင်းနှင့် အင်ပျဉ် စသည့် လက္ခဏာများ ဖြစ်ပေါ် လာပါသည်။ သို့သော် အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီ ကတော့ အရှေ့ပါလက်စတိုင်း၏ လေထုနှင့် ရေ၏ အရည်အသွေးသည် လုံခြုံစိတ်ချရမှု ရှိကြောင်း ကြိမ်ဖန်များစွာ အလေးထား ပြောကြားပါသည်။