တူရကီသည် အမေရိကန် F-16 တိုက်လေယာဉ်များ ဝယ်ယူမှုကို စွန့်လွှတ်နိုင်ဖွယ်ရာရှိ

(GMT+08:00)2023-03-07 16:32:18  

တူရကီသည် ၎င်း၏ ယခင်ဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး အမေရိကန်ထံမှ F-16 တိုက်လေယာဉ်များ ဝယ်ယူမှုကို စွန့်လွှတ်နိုင်ကြောင်း တူရကီသမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် မတ်လ ၆ ရက်နေ့က ရုရှား Sputnik သတင်းအေဂျင်စီမှ ထုတ်လွှင့်သော သီးသန့်အင်တာဗျူးတစ်ခုတွင် တူရကီသမ္မတ၏ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကော်မတီ အဖွဲ့ဝင် ခါအယ်လ် အယ်ဟန် က ငလျင်လှုပ်ခတ်ပြီးနောက် တူရကီသည် F-16 တိုက် လေယာဉ်များ ဝယ်ယူမှုကို စွန့်လွှတ်နိုင်ဖွယ်ရာရှိကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ ဒီအမှာစာသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုး ရှိကြောင်း ပြောကြားပါသည်။

ဤပုံစံသည် ခေတ်နောက်ကျနေပြီး အခြားမော်ဒယ်များနှင့် နှိုင်းယှဉ်ပါက ပြိုင်ဆိုင်မှုစွမ်းအားမရှိသောကြောင့် တူရကီ၏ ယခင်အမေရိကန်ထံမှ F-16 တိုက်လေယာဉ်များ ဝယ်ယူမှုသည် အမှားတစ်ခု ဖြစ်ကြောင်း၊ ဤလက်နက်ရောင်းချမှုကို အမေရိကန်လွှတ်တော်က အကြောင်းပြချက်အချို့ဖြင့် ခွင့်ပြုရန် ပယ်ချဆဲဖြစ်ကြောင်း အယ်ဟန်က ပြောကြားသည်။ တူရကီအနေနှင့် ဆုံးဖြတ်ချက်ကို ချက်ချင်းပြောင်းပြီး တခြားမော်ဒယ်များကို ဝယ်သင့်သည်ဟု ၎င်းက ဆိုသည်။