တရုတ်အသွင်ပုံစံခေတ်မီရေးသည် ပြည်သူတစ်ရပ်လုံးအတူချမ်းသာသောခေတ်မီရေး ဖြစ်သည်ဟုချင်ကမ်းဆို

(GMT+08:00)2023-03-07 15:53:33  

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးသည် သတင်းစာရှင်းလင်းပွဲကိုကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကမ်းကတရုတ်နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံခြားဆက်ဆံမှုရေးရာများနှင့် ပတ်သက်ပြီးသတင်းထောက်များ၏ မေးမြန်းချက်ကိုဖြေကြားရာတွင် လူဦးရေသန်း ၁၄၀၀ ကျော် ရှိသည့် နိုင်ငံတစ်နိုင်ငံလုံးခေတ်မီရေးသို့ လျှောက်လှမ်းခြင်းသည် လူသားသမိုင်းတွင် မကြုံစဖူးသော ကြီးမြတ်သည့် ဆောင်ရွက်မှု ဖြစ်ပြီး ကြီးမြတ်သောကမ္ဘာလုံးဆိုင်ရာအဓိပ္ပါယ် ရှိ၍ အနည်းဆုံးနယ်ပယ် ငါးခု၌ ပြသထားကြောင်း၊ ယင်းတို့သည် လွတ်လပ်ပြီးကိုယ်ပိုင်ဆုံးဖြတ်ခြင်း၊ ပြည်သူများကိုထိပ်ဆုံးနေရာ၌ ထားခြင်း၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ခြင်း၊ တံခါးဖွင့်ပြီးသက်ညှာထောက်ထားခြင်းနှင့် သွေးစည်းညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံခေတ်မီရေးသည် ပြည်သူတစ်ရပ်လုံးအတူချမ်းသာသောခေတ်မီရေး ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံခေတ်မီရေး ဖြစ်စဉ်သည် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် အပြုသဘောဆောင်သောအင်အားများတိုးပွားခြင်းဖြစ်စဉ် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိပိုမိုများပြားသောနိုင်ငံများသည် ခေတ်မီရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းကြပြီးလူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးအိပ်မက်ကိုအကောင်အထည်ဖော်ဆောင်စေနိုင်မည်ဟုမိမိတို့ မျှော်လင့်ပြီးယုံကြည်ပါကြောင်းပြောကြားခဲ့သည်ဟု  China Media Groupမှ သတင်းအရသိရပါသည်။