ရှီကျင့်ဖိန်သည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများအား နိုင်ငံတကာ အမျိုးသမီးများနေ့ ဆုမွန်ကောင်း တောင်းပေး

(GMT+08:00)2023-03-07 16:01:16  

ယခုလ ၆ ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပထမ အကြိမ် အစည်းအဝေးသို့ တက်ရောက်နေသော တရုတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အသင်း၊ စက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပူးတွဲ ဆွေးနွေးပွဲတွင်လည်း ပါဝင်ကာ အကြံဉာဏ်ကောင်းများနှင့် အဆိုပြုချက်များကို ကြားနာခဲ့ပါသည်။

မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ ကျရောက်ခါနီး အခါသမယတွင် ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား အစည်းအဝေး နှစ်ရပ်ကို တက်ရောက်နေသော ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသမီး ဝန်ထမ်းများအား လည်းကောင်း၊ တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများအား လည်းကောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသနှင့် ထိုင်ဝမ်ဒေသမှ အမျိုးသမီး မွေးချင်းပေါက်ဖော်များအား လည်းကောင်း၊ ပင်လယ်ရပ်ခြားရောက် အမျိုးသမီး တရုတ်အနွယ်ဖွားများအား လည်းကောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။