မက္ကဆီကို ကုန်တင်ကား တစ်စီးတွင် အရွယ်မရောက်သူ ၁၀၃ဦး တွေ့ရှိ

(GMT+08:00)2023-03-07 16:33:04  

ယခုလ ၅ရက်နေ့က တရားဥပဒေ ဝန်ထမ်းများသည် မက္ကဆီကို နိုင်ငံ Veracruz ပြည်နယ်တွင် စွန့်ပစ်မှု ခံရသည့် ကုန်တင်ကား တစ်စီးကို တွေ့ရှိခဲ့ကြောင်း၊ ၎င်း ကုန်တင်ကားအတွင်း လူကြီးလိုက်ပါစောင့်ရှောက်ခြင်း မရှိသော ကလေး ၁၀၃ယောက် အပါအဝင် အခြားနိုင်ငံများမှ အခြေစိုက်ရန် တရားမဝင် ဝင်ရောက်လာသူ ၃၄၀ခန့်ကို တွေ့ရှိကြောင်း၊ ယင်းကလေးများသည် များသောအားဖြင့် ဂွါတီမာလာ နိုင်ငံမှ လာရောက်ခြင်း ဖြစ်ကြောင်း မက္ကဆီကို လူဝင်မှု ကြီးကြပ်ရေး ဌာနက ယခုလ ၆ရက်နေ့က ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနနှင့် ပြင်သစ် သတင်းဌာနတို့မှ ရေးသားဖော်ပြပါသည်။