တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်မှုနှင့် ခွန်အားကို ထည့်သွင်းခဲ့သည်ဟု ဆာဗီးယား ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌဆို

(GMT+08:00)2023-03-06 11:45:36  

မတ်လ ၄ ရက်နေ့မှစပြီး တရုတ်နိုင်ငံသည် “အစည်းအဝေးနှစ်ရပ်အချိန်” သို့ ဝင်ရောက်ခဲ့သည်။ ဆာဗီးယားကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ Mihailo Vesović သည် China Media Group သတင်းထောက်နှင့်တွေ့ဆုံရာတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် တရုတ်နိုင်ငံ၏ အစည်းအဝေးနှစ်ရပ်ကို အာရုံစိုက်နေကြကြောင်း၊ ဒီအစည်းအဝေးနှစ်ရပ်မှတစ်ဆင့် တရုတ်အစိုးရသည် ကပ်ရောဂါအပြီးကာလတွင် စီးပွားရေးပြန်လည်ဦးမော့လာအောင် မည်သို့ ဦးဆောင်မည်နည်း၊ တရုတ်နိုင်ငံ၏ လာမည့်တစ်နှစ်အတွင်း  စီးပွားရေး တိုးတက်မှု ရည်မှန်းချက်နှင့် မည်သို့သော တွန်းအားပေး အစီအမံများ ဆောင်ရွက်သွားမည်နည်း စသည်တို့ကို နားလည်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဒါ့အပြင် “အစည်းအဝေးနှစ်ရပ်ဟာ နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ နိုင်ငံရေးအခိုက်အတန့်ဖြစ်သလို ကမ္ဘာတစ်ဝန်းလုံးအတွက်လည်း အလွန်အရေးပါပါကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကပ်ရောဂါ ကာ ကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေကို အကောင်းဆုံးပြင်ဆင် ချိန်ညှိပြီးသည့် နောက်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာကာ ကမ္ဘာ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်မှုနှင့် ခွန်အားများစွာ ထည့်သွင်းထားခဲ့သည်"ဟု ၎င်းကပြောကြားခဲ့ပါသည်။