ဟိုင်ခို-Mova Plaza၏ ခေါင်မိုးပေါ်တွင် ဆိုလာပြား စတုရန်း မီတာ ၄သောင်းကျော် စနစ်တကျ ထားရှိ

(GMT+08:00)2023-03-06 14:11:21  

ယခုနှစ် မတ်လ ၅ရက်နေ့က ကောင်းကင်ဓါတ်ပုံအရ တရုတ်ပြည် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ Mova Plaza ၏ ခေါင်မိုးပေါ်တွင် စတုရန်း မီတာပေါင်း ၄သောင်းကျော်ရှိသော ဆိုလာပြားများ စနစ်တကျ ထားရှိတာကို တွေ့ရပါသည်။ ယင်းဆိုလာပြားများသည် နေ့စဉ်ပျမ်းမျှအားဖြင့် လျှပ်စစ်ဓါတ်အား kW·h ၁သောင်း၂ထောင်ကို ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် kW·h ၄သန်း၅သိန်း ထုတ်လုပ်နိုင်ကာ ၄င်းPlaza အတွက် လျှပ်စစ်ဓါတ်အားကို အဆက်မပြတ် ဖြန့်ဖြူးပေးပါသည်။ မီးအား လျှပ်စစ်ဓါတ်အားနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နေ့စဉ်ပျမ်းမျှ အားဖြင့် စံနှုန်းမီ ကျောက်မီးသွေး ၅တန်ကို ချွေတာနိုင်ပြီး သန့်စင်စွမ်းအင်၏ စွမ်းအင်ချွေတာရေးနှင့် လူမှုရေး အကျိုးသက်ရောက်မှုများကို အကောင်အထည် ဖော်ဆောင်ပေးပါသည်။