ဖိလစ်ပိုင် အရှေ့နီဂရော့စ်ပြည်နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရမှု အရေး အခင်းတွင် သေဆုံးသူ ၉ ဦးအထိ တိုးလာ

(GMT+08:00)2023-03-06 14:05:56  

မတ်လ ၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အရှေ့ နီဂရော့စ်ပြည်နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရမှု အရေးအခင်းတွင် သေဆုံးသူ ၉ ဦးအထိ တိုးများလာကြောင်း ဖိလစ်ပိုင် မီဒီယာ မှ ဖော်ပြသည်ဟု China Media Group မှ သတင်းအရသိရပါသည်။

နံနက် ၉ နာရီခွဲခန့်တွင် လက်နက်ကိုင်သမားများသည် အရှေ့နီဂရော့စ် ပြည်နယ် အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ပြီး အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် အနီးရှိ လူများကိုလည်း မွှေ့ယမ်းပစ်ခတ်ခဲ့ကြပါသည်။  သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ မာကို့စ်က ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး၊ ယင်းတိုက်ခိုက်မှု အပေါ် ပြစ်တင်ရှုတ်ချခဲ့သည်ဟု သတင်းအရသိရပါသည်။