ဂျာမဏီနိုင်ငံ၌ ဆန္ဒပြပွဲတွင် အချင်းပွားမှုဖြစ်ပွားခဲ့သောကြောင့် ရဲမှုထမ်း (၅၃)ဦး ဒဏ်ရာရရှိ

(GMT+08:00)2023-03-06 14:08:45  

မတ်လ ၄ရက်နေ့က ဂျာမဏီနိုင်ငံ အနောက်တောင်ပိုင်း Offenburgမြို့၌ ဂျာမဏီရွေးချယ်ရေးပါတီ(Alternative for Germany)ကို ဆန့်ကျင်ရန် လူအချို့သည် ဆန္ဒပြပွဲကို ကျင်းပခဲ့ပြီး ရဲမှုထမ်း(၅၃)ဦး နှင့် ဆန္ဒပြသူ(၂)ဦးသည် အချင်းပွားမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း  ဂျာမဏီ ရဲဘက်မှ ၅ရက်နေ့က ထုတ်ပြန်ချက်ကို ကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။

ဆန္ဒပြသူများကို ရည်ရွယ်ကာ စုံစမ်းစစ်ဆေးရေး အစီအစဉ် (၂၀)ကို စတင်ဆောင်ရွက်နေပြီး သီးသန့်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း ထိုနေ့တွင် ရဲဘက်က ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့ပါသည်။