ပီရူးမှ ဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် လူ ၁၃ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2023-03-06 11:17:33  

   ဒေသစံတော်ချိန် မတ်လ ၅ ရက်နေ့က ပီရူးနိုင်ငံ လီမာမြို့ မြောက်ဘက် ကီလိုမီတာ ၃၆၀ အကွာအဝေးရှိ ကက်စ်မာမြို့ ကားလမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီး ခေါင်းချင်းဆိုင် တိုက်မိပြီး မီးလောင်ခဲ့ခြင်းကြောင့် လူ ၁၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းအရ သိရပါသည်။