တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာကြီးက အာရုံစိုက်နေပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် အတူအောင်မြင်ခြင်းကို မျှော်လင့်

(GMT+08:00)2023-03-06 14:32:10  

တရုတ်နိုင်ငံ၏ အစည်းအဝေးနှစ်ရပ်ကျင်းပခြင်းသည် ကမ္ဘာကြီး၏အာရုံစိုက်မှုကို ဆွဲဆောင် နေခဲ့ပါသည်။ နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များသည် အစည်းအဝေးနှစ်ရပ်မှတစ်ဆင့် တရုတ် နိုင်ငံ၏ အနာဂတ်ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒများအကြောင်း ပိုမိုနားလည်သိရှိနိုင်ရန် မျှော်လင့် ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပိုဆီ ချိုမာနီအွန်က  လွန်ခဲ့သည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အားကောင်းစေခဲ့ပြီး အစိမ်းရောင်နှင့် ကာဗွန်နည်းသော ဖွံ့ဖြိုး တိုးတက်မှု ကို မြှင့်တင်ကာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ခဲ့ ကြောင်း ၊ ယင်းဖွံ့ဖြိုးရေး အယူအဆတွေကြောင့် တရုတ်စီးပွားရေးသည် စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးတိုးတက်လာကြောင်း ပြောကြားခဲ့ပါသည်