လက်ဘနွန် နှင့် အစ္စရေး ကင်းလှည့်အဖွဲ့ ယာယီနယ်စပ်မျဉ်းကြောင်းတွင် ခေတ္တ ထိပ်တိုက်ရင်ဆိုင်

(GMT+08:00)2023-03-06 13:30:42  

၂၀၂၃ခုနှစ် မတ်လ၅ရက်နေ့တွင် လက်ဘနွန် စစ်တပ်မှ ထုတ်ပြန်သောကြေညာချက်အရ အစ္စရေး စစ်တပ်မှကင်းလှည့်အဖွဲ့သည် လက်ဘနွန်-အစ္စရေး ယာယီ နယ်စပ်မျဉ်းကြောင်းအပြာရောင်လိုင်း ကို ၁မီတာကျော် ဖြတ်ကျော်သွားကြောင်း၊ လက်ဘနွန် ကင်းလှည့်အဖွဲ့ ရောက်ရှိလာပြီး အစ္စရေး တပ်ဖွဲ့အား ဆုတ်ခွာစေခဲ့ကြောင်း၊ ယင်းအချိန်တွင် လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့သည်  ကင်းလှည့်တပ်ဖွဲ့ နှစ်ဖွဲ့ကို ခွဲထုတ်ကာ ဖျန်ဖြေ ပေးခဲ့ ကြောင်း  China Media Groupမှ သတင်းအရသိရပါသည်။