တရုတ်ပုံစံခေတ်မီရေးသည် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကျိုး ရှိသည့်အပြင် အခြားနိုင်ငံများအတွက် နည်းယူမှုသင်ပေးသည်ဟု တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံများစွာမှ သံတမန်များက ဆို

(GMT+08:00)2023-03-06 14:07:53  

(၁၄)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ရက်နေ့က ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံများစွာမှ သံတမန်များသည် ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်ပြီး လေ့လာအကဲခတ်ခဲ့ကြပါသည်။ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံများစွာမှ သံတမန်များက တရုတ် NPC နှင့် CPPCC အစည်းအဝေးတို့တွင် ထုတ်ပြန်မည့် မူဝါဒသစ်များ နှင့် ဆောင်ရွက်ချက်သစ်များကို စောင့်မျှော်နေကြကြောင်း၊ တရုတ်နိုင်ငံကို ဦးဆောင်းပြီး ဖွံ့ဖြိုးတိုးတက်မှုသစ်သို့ တက်လှမ်းမည့်အပြင် ကမ္ဘာအတွက် နက်ရှိုင်းသော သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားကြပါသည်။

တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး Jaimeက ယခုအကြိမ် တရုတ် NPC နှင့် CPPCC အစည်းအဝေးတို့မှတစ်ဆင့် တရုတ်ပုံစံ ခေတ်မီရေး၏ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို နည်းယူပြီး တရုတ်နိုင်ငံ၏ ခေတ်မီအားကောင်းသောနိုင်ငံသို့ တက်လှမ်းနိုင်သော ဖွံ့ဖြိုးတိုးတက်ရေးသော့ချက်ကို စူးစမ်းလေ့လာရန် မျှော်လင့်ပါသည်။