အမေရိကန် သေနတ်ပြန်လည် သိမ်းဆည်းမှု စံချိန်တင် မြင့်တက်ခဲ့

(GMT+08:00)2023-03-06 13:37:37  

မတ်လ ၅ရက်နေ့တွင် အမေရိကန်မီဒီယာများမှ ထုတ်ပြန်သည့်သတင်းအရ ၂၀၂၀ နှင့် ၂၀၂၁ခုနှစ် ၂နှစ်အတွင်း အမေရိကန် FBI သည် သေနတ် ကိုင်ဆောင် သူများ၏ နောက်ခံအရည်အချင်း မပြည့်မီသောကြောင့် အမိန့်ချထားပြီး  ပြန်လည် သိမ်း ဆည်းသော သေနတ် အရေအတွက်သည် စံချိန်တင် မြင့်မားလာခဲ့ကြောင်း သိရပါ သည်။

၂၀၂၀ပြည့်နှစ်တွင် FBI သည် သေနတ် ပြန်လည်သိမ်းဆည်းရန် အမိန့် စုစုပေါင်း ၆၃၆၁ ခု ကို တင်သွင်းခဲ့ပြီး အကြောင်းအရင်းအနေနဲ့ ယင်းသေနတ် ကိုင်ဆောင်သူများ၏ သေနတ်ကိုင်ဆောင်ရန် အရည်အချင်း မပြည့်မီခြင်းကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့က သက်ဆိုင်ရာ ရာဇဝတ်မှု မှတ်တမ်းများ၊ အရည်အချင်း မပြည့်မီသော စစ်မှုထမ်း မှတ်တမ်း များ၊ စိတ်ပိုင်းဆိုင်ရာရောဂါ  စသည်တို့ ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်တွင်လည်း FBI သည် သက်ဆိုင်ရာ အမိန့် ၅၂၀၃ ခုကို တင်သွင်းခဲ့ကြောင်း သိရပါသည်။