ရှီကျင့်ဖိန်က ဘာဖြစ်လို့ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကြိမ်ကြိမ် အလေးထား ပြောခဲ့တာလဲ

(GMT+08:00)2023-03-06 10:54:22  

 ဒီလ ၅ ရက်နေ့မှာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ဘေကျင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကျန်းစူးပြည်နယ် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့ရဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာကို စိစစ်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ရှီကျင့်ဖိန်က အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်တဲ့ အဓိကကျတဲ့ လုပ်ငန်းတာဝန်ကို မိမိရရ ဖော်ဆောင် ရမယ်လို့ ထပ်လောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

   ရှီကျင့်ဖိန်က အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခေတ်မီ အင်အား တောင့်တင်းသော ဆိုရှယ်လစ်နိုင်ငံတော် ဘက်စုံတည်ဆောက်ရေးဆိုင်ရာ အဓိက လုပ်ငန်းတာဝန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဟာ ရှီကျင့်ဖိန်ရဲ့ စီးပွားရေးဆိုင်ရာ အတွေးအခေါ်မှာ အရေးကြီး အကြောင်းအရာ ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ တရုတ်ပြည် စီးပွားရေး အရည်အသွေးကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။

   အရည်အချင်း မြင့်မားသော သိပံ္ပနည်းပညာ ကိုယ့်ကိုယ်ကို အားကိုး ဖွံ့ဖြိုးတိုးတက်ခြင်းဟာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ သော့ချက်ကျရာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က အဲဒါဟာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ လမ်းကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက လျာထားတဲ့အချိန်အတိုင်း ခေတ်မီ အင်အား တောင့်တင်းသော ဆိုရှယ်လစ် နိုင်ငံတော်ကို ဘက်စုံ တည်ဆောက် နိုင် မနိုင်ရဲ့ သော့ချက်ကျရာလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

   ဆွေးနွေးပွဲမှာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က တရုတ်နိုင်ငံဟာ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအား ဖြစ်စေရေး မဟာဗျူဟာကို မြန်ဆန်စွာ ဖေါ်ဆောင်ရမှာ ဖြစ်ကြောင်း၊ ထိပ်တန်း သိပံ္ပပညာရှင်များက ဆန်းသစ် သိပ္ပံနည်းပညာတွေ လေ့လာဖော်ထုတ်မှုများ ဦးစီးပြုလုပ်ခြင်းကို အားပေး ထောက်ခံရမှာ ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်း သြဇာညောင်းမှုရှိသည့် ကုန်ထုတ်လုပ်မှု သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး စင်တာကို ဆောက်လုပ်ရမှာ ဖြစ်ကြောင်း၊ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ်ကို ပိုမို မြန်ဆန်စွာ တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ အရည်အချင်း မြင့်မားသော ဆိုရှယ်လစ် ဈေးကွက်စီးပွားရေး စနစ်ကို ဖွဲ့စည်းတည်ဆောက်ရမှာ ဖြစ်ပြီး အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို တွန်းအားပေးရမှာ ဖြစ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေး ခေတ်မီရေးကလည်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ဖို့ မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော် ပြထားပါတယ်။